05.02 - 07.02.2020

ထိုင်းနိုင်ငံတွင်ကျင်းပသည့်ကနဦးအစည်းအဝေး (၀၅.၀၂ - ၀၇.၀၂.၂၀၂၀)

IRRIGATION4.0 စီမံကိန်းစတင်ကျင်းပသည့် ကနဦးအစည်းအဝေးကို ထိုင်းနိုင်ငံတွင် ၀၅-၀၂-၂၀၂၀ မှ ၀၇-၀၂-၂၀၂၀ထိ ကျင်းပပြုလုပ်ရာ ထိုင်း၊ ဂျာမနီနှင့် မြန်မာနိုင်ငံမှ စီမံကိန်းမိတ်ဖက်များ ပူးပေါင်းပါဝင်ပါသည်။ Thailand Science Park, Pathum Thani, NECTEC တွင် ဖေဖော်ဝါရီလ ၅ ရက် နေ့တွင် အလုပ်ခွင်ခေါင်းဆောင်များက သူတို့၏ လုပ်ငန်းအစီအစဉ်များနှင့် တိုးတက်မှုများကို မိတ်ဆက်ပေးခဲ့ပြီး သုတေသနအစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။ ကနဦး ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၆ ရက် မှ ၇ ရက်အထိ Chantaburi Horticultural သုတေသနဌာနရှိ ဒူးရင်းဥယျာဉ်ခြံသို့ သွားရောက်လေ့လာခဲ့သည်။ IRRIGATION4.0 မိတ်ဖက်များသည် Chantaburi Horticultural သုတေသနဌာန၏ ညွှန်ကြားရေးမှူး၊ Miss. Siriporn Vorakuldumrongchai ထံမှ ဒူးရင်းစိုက်ပျိုးရေး ဆိုင်ရာ အတွေ့အကြုံ များကို များစွာ လေ့လာခွင့် ရရှိခဲ့ပါသည်။ NECTEC အဖွဲ့ဝင်များသည် ၎င်းတို့၏ အာရုံခံကိရိယာ (sensor) များကို ဒူးရင်းဥယျာဉ် ခြံတွင် စမ်းသပ်ခဲ့သည်။

IRRIGATION4.0 ကိုBMBF နှင့် NSTDA မှရန်ပုံငွေထောက်ပံ့ပြီး သုတေသနနှင့် ဆန်းသစ် တီထွင်မှုအတွက် အရှေ့တောင်အာရှ - ဥရောပ ပူးတွဲရန်ပုံငွေ ၂၀၁၈ အစီအစဉ်၏ စီမံကိန်းအောက်တွင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းသည် ပေါင်းစည်း သဘော တူညီချက်ဖြစ်သည့် “NSTDA-Jülich ပူးတွဲဓာတ်ခွဲခန်း” ၏ ပထမပရောဂျက် ဖြစ်ပါသည်။

 

 

 

NECTEC မှ လက်ထောက်ညွှန်ကြားရေးမှူး Dr. Panita Pongpaibool က IRRIGATION4.0 စီမံကိန်း အဖွဲ့ဝင်များကို ကြိုဆိုခြင်း။

Chantaburi Horticultural Research Center မှ Dr.Siriporn Vorakuldumrongchai က ဒူးရင်း စမ်းသပ်မှု အစီအစဉ်ကိုပြသခြင်း။

IRRIGATION4.0 သုတေသနအဖွဲ့မှ ဒူးရင်း ဥယျာဉ်ခြံတွင် Sensor ကိရိယာ အချို့ကို စမ်းသပ်ခြင်း။


Logo_IBE
Logo_fz