• IRRIGATION4.0

    Strengthening agriculture 4.0 technology in a Thailand-Myanmar-Germany collaboration: development of a plant-based irrigation platform

  • IRRIGATION4.0

    การสร้างความเข้มแข็งด้านเทคโนโลยีเกษตร 4.0 ระหว่าง ไทย-เยอรมัน-พม่า เพื่อพัฒนาแพลตฟอร์มการให้น้ำตามความต้องการของพืช

  • IRRIGATION4.0

    Stärkung der landwirtschaftlichen 4.0-Technologie in einer Thailand-Myanmar-Deutschland-Kooperation: Entwicklung einer pflanzenbasierten Bewässerungsplattform

IRRIGATION4.0


အရှေ့တောင်အာရှနှင့်ဥရောပနိုင်ငံများတွင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေမှထုတ်ယူသော သဘာဝလောင်စာအပေါ်  မှီခိုမှု လျှော့ချရေးတို့အတွက် ဇီဝအခြေပြုစီးပွားရေးသို့ ဦးတည်ပြောင်းလဲမည့် ကြီးမားသော အလားအလာရှိပါသည်။ သို့သော် အရေးကြီးသော စိန်ခေါ်မှုများကို ဖြေရှင်းရန် လိုအပ်ပါသည်။ ယင်းတို့အနက် တစ်ခုမှာ စိုက်ပျိုးရေး ကဏ္ဍတွင် ရေရှည်တည်တံ့သော ဇီဝလောင်စာကိုပုံမှန် ထုတ်လုပ်ခြင်းဖြစ်ပါသည်။ အရေအတွက်၊ အရည်အသွေးနှင့် တာရှည်ခံမှစသည့် ဇီဝလောင်စာ (အစားအစာ၊ အစာ၊ လောင်စာ)၏ စိတ်ချရသော ထောက်ပံ့မှုသည်  စိုက်ပျိုးရေး စီမံခန့်ခွဲမှု အလေ့အထများပေါ်တွင် များစွာမူတည်သည်။ စမတ်ရေပေး  ဝေရေးစနစ် (Smart Irrigation System) ၏ရည်မှန်းချက်သည် ဥရောပနှင့် အရှေ့တောင်အာရှဒေသ ဆိုင်ရာ ဇီဝစီးပွားရေး မဟာဗျူဟာများတွင် ရေအရင်းအမြစ် များကို အကျိုးရှိစွာ အသုံးပြုနိုင်မှုနှင့် ရေအရင်းအမြစ်များ  ရေရှည်တည်တံ့စေရန် အပါအဝင် စိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်ခံနိုင်ဖွယ်သင့်တင့်သော ကုန်ကျစရိတ်နှင့် အားစိုက်မှုသက်သာစွာဖြင့် ရေအသုံးပြုမှုကို အကောင်းဆုံးဖြစ်စေရန် ဖြစ်ပါသည်။  ထို့အပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် အရင်းအမြစ်များ ချို့တဲ့ခြင်းနှင့် ဇီဝလောင်စာထုတ်လုပ်မှု၏ ရေပေးသွင်းမှုအပေါ်မှီခိုခြင်းများသည် ထပ်မံတိုးပွား လာလိမ့်မည်ဖြစ်ပါသည်။ ထို့ကြောင့်စမတ်ရေပေးဝေရေးစနစ် (Smart Irrigation System) သည် ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုလျှော့ချရန်နှင့် လိုက်လျောညီထွေ ဖြစ်စေရန်ဟူသော ရည်ရွယ်ချက်များကိုဖြည့်စည်းပေးနိုင်ပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်းသစ် တီထွင်မှုကို လှုံ့ဆော်ခြင်းသည် ဥရောပနှင့် အရှေ့တောင်အာရှ နှစ်နိုင်ငံစလုံး၏  မဟာဗျူဟာမြောက် အစီအစဉ်များတွင် ထိပ်ဆုံးဖြစ်ပါသည်။ ဤပူးပေါင်း ဆောင်ရွက်သည့် စီမံကိန်းသည် ကြိုးမဲ့ဆက်သွယ်မှု၊ အာရုံခံကွန်ယက်၊ အနိမ့်ဆုံး စွမ်းအင်သုံးစွဲမှု၊ cloud storage နှင့် big data processing တို့ အပါအဝင် စိုက်ပျိုးရေး ၄.၀ ၏သဘောတရားများကို အပြည့်အဝလက်ခံ အသုံးပြုပြီး ဆန်းသစ်တည်ထွင်မှုကို ဖန်တီးရန် ရည်ရွယ်ပါသည်။

ရေသွင်းစိုက်ပျိုးရေး ၄.၀ သည်ထိုင်း၊ ဂျာမနီနှင့် မြန်မာနိုင်ငံတို့တွင် အကျိုးပြုသီးနှံ၊ အပင် ထုတ်လုပ်မှု စနစ်များတိုးတက်စေရန် အထောက်အကူပြုသည့် အပင်အခြေပြု ရေသွင်းစနစ်ပေါ်တွင် အဓိကထားသည်။ စိုက်ပျိုးရေးကဏ္ဍအတွက် အမှန်တကယ် ရေအသုံးပြုမှုနှင့် အထွက်နှုန်းတိုးမြှင့်ရန် ရည်ရွယ်၍ ရေသုံးစွဲမှုကို လျှော့ချနိုင်သော ရေသွင်းစိုက်ပျိုးရေးစနစ် အသစ်တစ်ခု တည်ဆောက်ရန် ဖြစ်ပါသည်။ ထို့ကြောင့် မြေဆီလွှာစိုထိုင်းမှုနှင့် ရေငွေ့ပျံ ခြင်းကို အခြေခံ၍ ရေသွင်းစနစ်များကို ပိုမို ကောင်းမွန်အောင် ပြုပြင်ပြီး (လက်တွေ့အသုံးပြုနိုင်ပါသည်။) လက်ရှိ စျေးကွက်တွင် ရရှိနိုင်ပါသည်။

 

 

 

ရေသွင်းစိုက်ပျိုးရေး ၄.၀ သည် အထွက်နှုန်းမြင့်မားရန် အတွက် ကွဲပြားသောအပင်မျိုးစိတ်များနှင့် ထုတ်လုပ်မှုစနစ်နှစ်ခုကို လိုအပ်သလို ရေသွင်းစိုက်ပျိုး ရန်အဓိကလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ထိုသီးနှံများမှာ တန်ဖိုးမြင့်မားသော သစ်သီးခြံများ နှင့် စိုက်ပျိုးနိုင်သော သီးနှံများဖြစ်သည့် ဒူးရင်း (Durio zibethinus L.)  နှင့် ပြောင်းဖူးများ (Zea mays L.) များကို စိုက်ပျိုးမည်ဖြစ်ပါသည်။ ၎င်းတို့သည်စီမံကိန်း၏ အလားအလာရှိသော အသုံးချနယ်မြေများကိုတိုးချဲ့ရန်၊ သစ်ပင်မျိုးစိတ်များ နှင့် နှစ်စဉ် C4 monocot သီးနှံများအတွက် စက်ရုံရေအသုံးပြုမှုအတွက် သိပ္ပံဆိုင်ရာတန်ဖိုးကို မြှင့်တင်ရန်နှင့် ကွဲပြား ခြားနားသော အခြေအနေများအောက်ရှိ နည်းပညာကို စိန်ခေါ် နိုင်ရန်အတွက် ၎င်းတို့ကို ရွေးချယ်ခဲ့သည်။ ဒူရင်းနှင့်ပြောင်းနှစ်မျိုးလုံးသည် ထိုင်းနှင့် မြန်မာနိုင်ငံတို့၏ ဇီဝအခြေပြုစီးပွားရေး၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်ပြီး ပြောင်းဖူးသည် ဥရောပတွင် အရေးပါသော သီးနှံ ဖြစ်သည်။

 

ရေသွင်းစိုက်ပျိုးရေး ၄.၀ သည် အဓိကအားဖြင့်စိုက်ပျိုးရေး ၄.၀ နှင့်သက်ဆိုင်သော သုတေသနကို ပိုမိုခိုင်မာစေရန် နှင့်/ သို့မဟုတ် မိတ်ဆက်ပေးခြင်းကို အဓိက ပံ့ပိုး ပေးမည်ဖြစ်ပါသည်။ ထိုစီမံကိန်းကို ထိုင်းနိုင်ငံ National Electronics and Computer Technology Center, National Science and Technology Development Agency, Thailand (NECTEC/NSTDA)၊ ဂျာမနီနိုင်ငံ Forschungszentrum Jülich, IBG-2 Plant Sciences, Germany (FZJ)၊ နှင့် မြန်မာနိုင်ငံ၊ ကွန်ပျူတာ စနစ်နှင့်နည်းပညာမဟာဌာန၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (UCSY) တို့ပူးပေါင်း ဆောင်ရွက် မည်ဖြစ်ပြီး သုတေသီ များ၏ လေ့ကျင့်သင်ကြားမှုနှင့် သုတေသီများဖလှယ်၍ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ပါသည်။ IRRIGATION4.0 တွင် embedded systems, wireless sensor network, cloud storage, image processing, machine learning, plant phenotyping, plant physiology, agronomics နှင့် economics နယ်ပယ်တို့ ပါဝင်ပါသည်။

စီမံကိန်း၏ရည်ရွယ်ချက်များ


  • အပင်အခြေပြု ရေသွင်း အစီအစဉ်ရေးဆွဲခြင်းဖြင့် အသုံးပြုမည့်ရေ၏ ပမာဏ နှင့်၎င်း၏ အချိန်ကိုက်နှစ်ခုလုံး တိုးတက်စေရန်။
  • အပင်အခြေပြု အာရုံခံကိရိယာများအနေဖြင့် psychrometers (stem water potential) နှင့် thermal infrared imaging (canopy temperature) ကိုအသုံး ပြုခြင်း။
  • အမျိုးမျိုးသောအပင်များ ရေသွင်းစိုက်ပျိုးရာတွင် အပင်ရေအရည်အသွေး ကောင်းမွန်ရန်အတွက် အပင်အခြေပြု ဆုံးဖြတ်ချက်ချသည့် ပရိုဂရမ်များကို ရေးသားရန်။
  • စိုက်ပျိုးရေး 4.0 အမျိုးအစားနှင့် လိုက်လျောညီထွေဖြစ်သည့် irrigation platform ပေါ်တွင် sensor node များ ထပ်ထည့်နိုင်ရန်နှင့် ဆုံးဖြတ်ချက်ချသည့် ပရိုဂရမ်များကို ပြုပြင်မွမ်းမံနိုင်ရန်အတွက် တည်ဆောက်ထားရန်။
  • တိုးတက်သော အပင်အခြေပြုရေသွင်း စနစ်ကို ဒူးရင်းခြံနှင့် ပြောင်းခင်းများတွင် အတည်ပြု အသုံးပြရန်။
  • စီမံကိန်း၏ရလဒ်များကို၏ အသုံးချ၍ နည်းဗျူဟာတစ်ခုတည်ဆောက်ခြင်း။

Project coordination

Dr. Teera Phatrapornnant

National Electronics and Computer Technology Center (NECTEC), National Science and Technology Development Agency (NECTEC)

112 Thailand Science Park, Phanonyothin Rd., Khlong Nueng, Khlong Luang, Pathum Thani, 12120, Thailand

+ 66 2564 6900 Ext. 2816
teera.phatrapornnant@nectec.or.th

IRRIGATION4.0 is a project within the framework agreement of the NSTDA-Jülich Joint Laboratory on Bioeconomy


 

 

Durian orchard and irrigation system

Maizes with Psychrometers growing in greenhouse

 

 


Logo_IBE
Logo_fz